စက်မူ့လုပ်ငန်းများကျဆင်းနေချိန်တွင် ယခုအချိန်အထိ ဆက်လက်တည်တံ့နေသာမြန်မာ့ရိုးရာယက်ကန်းလုပ်ငန်း

စက်မူ့လုပ်ငန်းများကျဆင်းနေချိန်တွင် ယခုအချိန်အထိ ဆက်လက်တည်တံ့နေသာမြန်မာ့ရိုးရာယက်ကန်းလုပ်ငန်း

မုံရွာမြို့တွင် စက်ဖြင့်လည်ပတ်နေရသော ထုတ်ကုန်စက်မူ့လုပ်ငန်း အများစုမှာ လျှပ်စစ်ဓာတ်အား အခက်အခဲ၊ အလုပ်သမားစရိတ်၊ ပြည်ပမှကုန်ကြမ်းများကို မယှဉ်နိုင်ခြင်း ပြည်ပသွင်းကုန်များကို ဝယ်ယူမူ့များပြားလာခြင်း နှင့် စက်ရုံကြောင့်သဘာဝပတ်ဝန်းကျင်ပျက်စီးမူ့များကို ပြုပြင်ထိန်းသိမ်းရန် ကုန်ကျစရိတ်များပြားမူ့တို့ကြောင့် လုပ်ငန်း အခြေအနေ တစ်နေ့ထက်တစ်နေ့ ကျဆင်းလျက်ရှိသည်။ ထိုသို့ စက်မှုလုပ်ငန်များ  အခြေအနေမကောင်းသော်လည်း
ချင်းရိုးရာ အထည်ဒီဇိုင်းမျိုးစုံကို ယက်လုပ်သော လက်ယက်ကန်းလုပ်ငန်းမှာ ရိုးရာချည်ထည်လုံချည် ဈေးကွက်တွင် အောင်မြင်သောစီးပွားရေးလုပ်ငန်းအဖြစ် ယနေ့ထက်တိုင် ရပ်တည်နေနိုင်လျက် ရှိသည်။

မြန်မာ့ရိုးရာ ယက်ကန်းလုပ်ငန်း၏အောင်မြင်မူ့

မိရိုးဖလာ မြန်မာ့ရိုးရာ ယက်ကန်းလုပ်ငန်း

ရှေးဘိုးဘွားလက်ထက်ကတည်းကပင် ယနေ့တိုင်အောင်မြင်နေဆဲဖြစ်သော မြန်မာ့ရိုးရာယက်ကန်းလုပ်ငန်းများမှာ စက်မူ့လုပ်ငန်းများမှာကျဆင်းလာချိန်တွင်လျှပ်စစ် ဓာတ်အားမလိုပဲ တစ်နေ့လျှင် လုပ်အားခ ၃၅၀၀ ကျပ် သာပေးရသောအလုပ်သမား ၇ ယောက်ခန့်ဖြင့် လုပ်ငန်းလည်ပတ်နိုင်သည်။ မုံရွာမြို့ နှင့် မိုင်အနည်းငယ်ဝေးသည့် နေရာတွင်ရှိသည့် ချင်းရိုးရာအထည်များယက်လုပ်သည့် ယက်ကန်းလုပ်ငန်းတစ်ခုမှာလည်း လွန်ခဲ့သော အနှစ်၄၀ကတည်းကပင်ယခုအချိန်အထိဆက်လက်တည်တံ့နေပြီး အောင်မြင်သောစီးပွားရေး လုပ်ငန်းအဖြစ် ရပ်တည်နေပေသည်။ တစ်လလျှင် အထည် ၃၀ မှ ၄၀ အထိ ယက်လုပ်ပြီး မုံရွာရှိ အထည်ဆိုင်ကြီးများနှင့် ရန်ကုန် မန္တလေး အစရှိသော မြို့ကြီးများသို့ ချင်းရိုးရာအထည်များကို တင်ပို့ရောင်းချသည်။   ယက်ကန်း ယက်သည့်အတတ်ပညာကိုတတ်သော မြန်မာလူမျိုး အများအပြား မှာ ချင်းပြည်နယ်နှင့်အိန္ဒိယနယ်စပ်တွင်ရှိသော ယက်ကန်းလုပ်ငန်းများသို့ ဝင်ငွေပိုရသောကြောင့် သွားရောက်လုပ်ကိုင်ကြသဖြင့် ပြည်တွင်း၌အလုပ်သမားရှားပါးသွားကြောင်း မိမိတို့ လုပ်ငန်းတွင် ယခင်က ယက်ကန်းယက်သူ အလုပ်သမားအယောက် ၃၀ ခန့်ရှိသော်လည်း ယခုအခါတွင် ၇ ယောက် ၈ ယောက်ခန့်ဖြင့်သာ လုပ်ကိုင်နေသော်ငြားလည်း လုပ်ငန်း အောင်မြင်မူ့ရှိပါကြောင်း ယက်ကန်းလုပ်ငန်းပိုင်ရှင် ဒေါ်လှစန်းမှ ပြောကြားခဲ့သည်။

မုံရွာ ချည်ထည်စက်ရုံများအခြေအနေ

မုံရွာစက်မူ့ဇုန်အတွင်းမှချည်ထည်စက်ရုံများမှာယခု လက်ရှိအချိန်တွင် စုစုပေါင်း ၁၀ ရုံခန့်သာလည်ပတ်နိုင်တော့သည်။ အဘယ်ကြောင့်ဆိုသော်ယခင်ကပြည်တွင်းဖြစ် မုံရွာစောင်များကိုလူသုံးများပြီး အလွန်နာမည်ကြီးခဲ့သော်လည်းယခုအချိန်တွင်
တရုတ်ပြည်မှအမြင်လှပြီးပေါ့ပါးသည့်စောင်များကိုလူအများသုံးစွဲလာမူ့ကြောင့်လေးလံပြီးသယ်ယူရခက် သည့် မြန်မာစောင်များကို မဝယ်ကြတော့၍မုံရွာစောင်လုပ်ငန်းမှာစက်ရုံအနည်းငယ်သာလည်ပတ်နိုင်တော့သည်။
ယခုနောက်ပိုင်းတွင်ရန်ကုန်ရှိအထည်ချုပ်စက်ရုံများမှထွက်သည့်အဝတ်စဖြတ်စများကိုပြန်လည်ဝယ်ယူကာ ကြိတ်ဖွပြုလုပ်၍မုံရွာဖတ်ခုံတွင် ချည် ပြန်ထုတ်သည်။ ထို့ပြင်အဝတ်တိုအဝတ်စများကိုဂွမ်းကပ်စောင်ကဲ့သို့ ဖွစောင်နှင့် ခေါင်းအုံးမွေ့ရာများကိုပြုလုပ်သည့်လုပ်ငန်းမှာပြန်လည်ဦးမော့လာခဲ့သည် ။ အထူးသဖြင့်အိန္ဒိယမှလာသည့် ချည်များဖြင့် ရိုးရာထမီများယက်သည့်ယက်ကန်းလုပ်ငန်းများမှာ အောင်မြင်လျက်ရှိသည်။ မြန်မာပြည်မှ ထုတ်သည့် ပိုးချည်ကိုမူ ပွဲထိုင်ဝတ် ပိုးပုဆိုးများ ယက်လုပ်ရာတွင် အသုံးပြုသည်။

အဘယ့်ကြောင့်အိန္ဒိယချည်ကိုအသုံးပြု ယက်လုပ်ကြသနည်း

မြန်မာ့ရိုးရာ လုံချည်များနှင့် ချင်းရိုးရာ ထမီများကို အိန္ဒိယမှ ချည်ဖြင့် ယက်လုပ်နေခြင်းမှာ အိန္ဒိယမှချည်သည် မြန်မာပြည်မှ ထုတ်သောချည်များထက် အရည်အသွေး ပိုမို ကောင်းမွန်သည့်အပြင် ဈေးသက်သာ ပြီး ဆေးခိုင်သောကြောင့်ဖြစ်သည်။

မုံရွာမြို့ စက်မူ့ဇုန်မှ စက်ရုံပေါင်း သုံးပုံတစ်ပုံခန့်မလည်ပတ်နိုင်ပဲယခင်ကထက်
စီးပွားရေးကျဆင်းလာ

မုံရွာမြို့ စက်မူ့ဇုန်ကို ၁၉၉၅ ခုနှစ်တွင်စတင် တည်ထောင်ခဲ့ပြီး စက်ရုံပေါင်း ၆၀၀ ကျော်ဖြင့် စတင်လည်ပတ်ခဲ့ရာမှ ယခုအချိန်တွင် စက်ရုံပေါင်း ၄၀၀ကျော်ခန့်သာစက်မူ့ဇုန်အဖွဲ့ဝင်အဖြစ်လုပ်ငန်းစုဆယ့်နှစ်စုတွင်လည်ပတ်လျက်ရှိသည်။
အချို့စက်ရုံများမှာ မလည်ပတ်နိုင်တော့၍စက်ရုံပေါင်း ၁၀၀ ကျော်ခန့် ပိတ်ပစ်လိုက်ရသည်။ ထိုကဲ့သို့ မလည်ပတ်နိုင်ခြင်းမှာ အိမ်နီးချင်းနိုင်ငံများမှ ကုန်ကြမ်းများ စားသောက်ကုန်များ နှင့်ကုန်ချောပစ္စည်းများ ဝင်ရောက်လာ၍ ပြည်ပသွင်းကုန်များ၏ ဈေးကွက်ကိုမယှဉ်နိုင်တော့၍ဖြစ်သည် လျှပ်စစ်ဓာတ်အားသည်လည်းယခင်က ၃ ရက်ခြားလျှင် တခါ အလှည့်ကျစီ နာရီပိုင်းသာရပြီးတစ်နေ့လျှင် ၈ နာရီခန့်ပင်လျှပ်စစ်ဓ်ာအားကိုမရရှိခဲ့၍အခက်ကြုံရသည် ။ ယခုအချိန်တွင် လျှပ်စစ်ဓာတ်အားကိုယခင်ကထက်ပိုမိုရလာပေမယ့်လည်း တစ်နေ့ အလုပ်ချိန် ၈နာရီခန့်ပင် မရရှိသေးသဖြင့်ကိုယ်ပိုင်မီးစက်ဖြင့်စက်ရုံကိုလည်ပတ်နေကြရသည်။

လျှပ်စစ်ဓာတ်အားမလိုသော လက် ယက်ကန်းစီးပွားရေးလုပ်ငန်းမှာ အောင်မြင်သည့် စီးပွားရေးဖြစ်လာသည်နှင့် အမျှစက်ယက်ကန်းလုပ်ငန်းအဖြစ်သို့ တိုးချဲ့ ပြောင်းလဲလိုသည့် စိတ်ကူးစိတ်သန်းရှိသော်ငြားလည်း မအောင်မြင်သေးပေ။ စက်ယက်ကန်းအဖြစ် စက်မူ့လုပ်ငန်းအနေဖြင့် တိုးချဲ့လုပ်ကိုင်မည်ဆိုပါက လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရှိပါက အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ယက်ကန်း လုပ်ငန်း ပိုင်ရှင် ဦးကျော်ရင် မှ ပြောကြားခဲ့သည်။

လုပ်ငန်း ၁၂ စုတွင်လည်ပတ်နေသောစက်မူ့လုပ်ငန်းများ

ယခုလက်ရှိ မုံရွာ စက်မူ့ဇုံတွင်လည်ပတ်နေသောလုပ်ငန်းစု ၁၂ စုမှာ တွင်ခုံ သံလုပ်ငန်း ချည်ထည်လုပ်ငန်း သစ်လုပ်ငန်း ဆီလုပ်ငန်း အထွေထွေလုပ်ငန်း ကားလုပ်ငန်း ဝါလုပ်ငန်း ပဲခွဲစက်လုပ်ငန်း ခေါက်ဆွဲစက်လုပ်ငန်း ဂျုံလုပ်ငန်း ကြာဇံလုပ်ငန်းနှင့် သားရေရုံ လုပ်ငန်းတို့ဖြစ်သည်။

မုံရွာစက်မူ့ဇုံထုတ် ကားလုပ်ငန်း ကျဆင်းခြင်း

ယခင်ကနိုင်ငံခြားမှကားတင်သွင်းမူ့ကိုပိတ်ထားချိန်တွင် မုံရွာကားစက်ရုံပေါင်း ၃၈ရုံမှ Light Truck နှင့် Jeep ကားများကို ထုတ်လုပ်နိုင်ခဲ့သော်လည်း ယခုအခါတွင်ပြည်ပမှ ကားတင်သွင်းမူ့များကို ဖွင့်လိုက်ပြီး မော်တော်ကားအများအပြား ဝင်ရောက်လာသဖြင့် ကားလုပ်ငန်းများမှာ အဆင့်မမှီတော့၍အတော်ကျဆင်းသွားခဲ့သည်။ မြန်မာပြည်မှထုတ်သောကားများမှာ ကား body ကိုသာပြုလုပ်ပြီး နိုင်ငံခြားမှ အင်ဂျင်ဖြင့်ဖြတ်ညှပ်စက်လုပ်ထားခြင်းကြောင့်အဆင့်မမှီခြင်းဖြစ်သည်။

ပြည်တွင်းမှ ကုန်ကြမ်းများဈေးကြီးလာခြင်း
ဆီလုပ်ငန်းမှာလည်းနိုင်ငံခြားမှစားအုံးဆီများဟင်းသီးဟင်းရွက်ဆီများကိုသာစားသုံးမူ့များပြားလာမူ့ကြောင့်ပြည်တွင်းမှထုတ်လုပ်သည့်ဆီလုပ်ငန်းမှာလည်းကုန်ကြမ်းများဖြစ်သည့် ပဲ နှမ်းများဈေးကြီးလာ၍ဆီလုပ်ငန်းကျဆင်းလာရပြန်သည် အိန္ဒိယ ကနေဒါနိုင်ငံ နှင့် ဂျပန်နိုင်ငံ တို့မှ ကုလားပဲများမှာဈေးသက်သာသဖြင့် ပြည်ပသို့ပဲတင်ပို့သည့် လုပ်ငန်းမှာလည်း ဈေးကွက်ပျက်ပြီးကျဆင်းသွားခဲ့သည်။ ယခင်မုံရွာတွင်စိုက်သည့်ပဲစင်းငုံများကို အိန္ဒိယသို့တင်ပို့ရောင်းချခဲ့သဖြင့် ဈေးကွက်ကောင်းခဲ့သော်လည်း ယခုအခါတွင်အိန္ဒိယနိုင်ငံအတွင်းပဲစင်းငုံကိုစိုက်လာ သဖြင့်မြန်မာနိုင်ငံမှပဲစင်းငုံကို မဝယ်ယူတော့ပေ။ ပဲဈေးကွက်ပျက်လျှင် မုံရွာမြို့ ၏ GDP ပါ ပျက်သည်။ နှမ်းကို တရုတ်နိုင်ငံမှအများဆုံးဝယ်ယူလျက်ရှိသည်။ ဂျုံလုပ်ငန်းသည်လည်းအိန္ဒိယမှ ဂျုံ ကို မယှဉ်နိုင်ပေ အိန္ဒိယဂျုံသည်အမျိုးအစားကောင်းပြီးဈေးသက်သာသဖြင့် လူသုံးများသည်။ ဝါလုပ်ငန်းမှာလည်း ဈေးကွက်တွင်ဈေးကြီးပြီး နေပူရှိန်ပြင်းလျှင် ဝါများမှာမီးလောင်တတ်သဖြင့် အန္တရာယ်များသောကြောင့် ဝါလုပ်ငန်းမှာလည်းမအောင်မြင်ပေ။

ကုန်ချောထုတ်သည့်စက်ရုံများလိုအပ်ခြင်း

မုံရွာမြို့ကုန်ကြမ်းများထွက်ရှိသော်လည်းကုန်ချောထုတ်လုပ်နိုင်မည့်စက်ရုံများနှင့်နည်းပညာများ လိုအပ်နေခြင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိရန်လိုအပ်ခြင်း နှင့်စီးပွားရေးပြန်လည်ဦးမော့လာစေရန် အတွက်နိုင်ငံတော်အစိုးရ၏ အဆင့်မြင့်စက်မူ့ပိုင်းဆိုင်ရာ ပံ့ပိုးမူ့များနှင့်ပြည်ပမှစက်မူ့ လက်မူ့ဆိုင်ရာ နည်းပညာများကို အမှန်တကယ် လိုအပ်နေပေသည်။

စက်မူ့လုပ်ငန်းအသီးသီး ကျဆင်းနေချိန်တွင် ချင်းရိုးရာအထည်များကို ယက်လုပ်သည့် ရိုးရာယက်ကန်းလုပ်ငန်းမှာ ပြည်တွင်းဈေးကွက်တွင် ယနေ့တိုင်အောင်မြင်စွာရပ်တည်နေနိုင်သေးသည် ဘိုးဘွားလက်ထက်ကတည်းကလုပ်ကိုင်လာသည့် ရိုးရာ ယက်ကန်းလုပ်ငန်းကို သားစဉ်မြေးဆက်အထိ ဆက်လက်ထိန်းသိမ်းပြီးလုပ်ဆောင်သွားမည် ဖြစ်ကြောင်းကို အသက် ၂၀ အရွယ်ကတည်းကပင် ယက်ကန်းလုပ်ငန်းလုပ်ကိုင်လာသူ ဦးကျော်ရင်မှ ယခုလို ပြောကြားခဲ့သည်

ယနေ့ခေတ်တွင် နိုင်ငံခြားမှ ခေတ်မှီအဝတ်အထည်များ ဝင်ရောက်လာမူ့ကြောင့် ရိုးရာအဝတ်အထည်လုပ်ငန်းမှာ တခါတရံတွင် အရောင်းအဝယ်အေးသည့်အခါမျိုး ရှိသော်ငြားလည်း ဤယက်ကန်းလုပ်ငန်းကို စိတ်ဝင်စား၍ လာရောက်လေ့လာသော နိုင်ငံခြားသားများမှာ ရိုးရာလုံချည် အများအပြားကို ဝယ်ယူသွားလေ့ရှိသည် ။ မြန်မာအမျိုးသမီးများသည် မြန်မာရိုးရာဝတ်စုံများကို ဖက်ရှင်ဒီဇိုင်း အမျိုးမျိုးထွင်ပြီး ပွဲတက်ဝတ်စုံအဖြစ် ဝတ်ဆင်လာကြခြင်းကြောင့် ရိုးရာ ယက်ကန်းထည်များမှာ အတန်အသင့် အောင်မြင်သောစီးပွားရေးလုပ်ငန်းအဖြစ် ရပ်တည်နေပေသည်။
မုံရွာမြို့ ရဲ့ စီးပွားရေး website ထဲသို့ ဝင်၍ ကြည့်ရှု လိုပါက

https://en.wikipedia.org/wiki/Monywa

Leave a Reply

Close Menu