ဇူလိုင်မိုးဖွဲ့များကြားတွင် ချင်းတွင်းမြစ်ကို မေးတင်ထားသည့် မုံရွာမြို့၊ ထန်းတောရပ်ကွက်အတွင်း ရစည်လှည်း တွန်းရောင်းသူများနှင့် အသက်ဝင်နေသည်။ ရေလိုင်လိုင်ပေါသည့် မိုးတွင်းကာလ ဇူလိုင်လထဲမှာပင် ချင်းတွင်းမြစ်ရေရောင်းအားက ထင်သလောက်ကျမသွားပေ။ ချင်းတွင်းမြစ်ရေနှင့်ဖျော်မှ လ္ဘက်ရည်ကောင်း တစ်ခွက်ရနိုင်မည်ဟု ယုံကြည်ထားသော မုံရွာမြို့ခံတို့၏ အစွဲအလန်းကြောင့် ရေရောင်းသူများ၏ အဓိကဈေးကွက်က လ္ဘဘက် ရည်ဆိုင်များလည်းပါနေသည်။ အသက် ၅ဝ ကျော်အရွယ် မုံရွာမြို့ခံအများစုကတော့ လ္ဘက်ရည်ကို ချင်းတွင်းမြစ်ရေဖြင့် ဖျော်မှသာ အရသာလေးလေးပင်ပင် ရှိသည်ဟု ဆိုသည်။ ဒေသခံများက ချင်းတွင်းမြစ်ရေ တစ်စည်လျှင် ကျပ် ၈ဝဝ ဖြင့် ဝယ်ယူသောက်သုံးကြသည်။ ရေနွေးကြမ်းသောက်လျှင် ချင်းတွင်းရေကလွဲပြီး အခြား မည်သည့်ရေမျိုးကိုမှ ခံတွင်း မတွေ့ကြောင်းလည်း သက်ကြီးရွယ်အိုအများစုက ဆိုသည်။ သို့သော် မုံရွာဒေသခံများအနေဖြင့်Continue Reading

သနပ်ခါးဟုဆိုလိုက်လျှင် ဈေးဆိုင်ပေါ်မှာ အသင့်ထုပ်လုပ်ထားတဲ့ သနပ်ခါးထုပ်တွေ၊ သနပ်ခါး ဗူးတွေရယ် အခေါက်ထူထူနဲ့ သွေးလိမ်းဖို့ လွယ်ကူအောင် တစ်ထွာလောက်ဖြတ်ထားတဲ့ သနပ်ခါးတုံး ပုတိုတိုတွေရယ် လောက်ပဲ မြင်ဖူးသူများပါတယ်။ ဒါပေမဲ့ အပွေးအက်ကွဲကြောင်းပင်စည်ပေါ်မှာ ချွန်ချွန်ထက်ထက် အဆူးတွေပေါက်နေပြီး၊ ရွက်ညှာတံတစ်ခုပေါ်မှာ အစိမ်းရင့်ရောင်ရွက်မြွှာ ၂ စုံ (သို့) ၃ ရှိတတ်တဲ့ ပေ(၂ဝ)၊ (၃ဝ)လောက်မြင့်တဲ့ သနပ်ခါးပင်လေးပင်တွေကိုတော့ သနပ်ခါးစိုက်တဲ့ ဒေသခံကလွဲရင် သိသူနည်းပါးလှပါတယ်။ မြန်မာနိုင်ငံမှာ အညာဒေသထွက် ရွှေဘိုသနပ်ခါး၊ ရှင်မတောင်သနပ်ခါးနဲ့ ရှမ်းပြည်နယ်ထွက် တောင်ကြီးမောက်မယ်သနပ်ခါးဆိုပြီး နာမည်ကြီးသနပ်ခါး (၃) မျိုးရှိပါတယ်။ အဲဒီအထဲက ရွှေဘိုသနပ်ခါးကိုတော့ ”ရွှေဘိုသနပ်ခါးလေးနဲ့ ရန်ကုန်ကိုလိမ်းဖို့ယူ . . . . ဘယ်လိုအသားမဲမဲ ဝါဝါညက်ညက်ဖြူ.Continue Reading

လျှော်ဖြူစိုက်ပျိုးဖို့အတွက် ဇနီးဖြစ်သူနဲ့ အတိုက်အခံလုပ်ပြီး တစိုက်မတ်မတ် စိုက်ပျိုးခဲ့တဲ့ တောင်သူတစ်ဦး ။ ၁၆ နှစ်ခန့် အကြာမှာ သူရွေးချယ်တဲ့ လျှော်ဖြူ စီးပွားရေးက ဘယ်လောက် အဆင်ပြေစေခဲ့သလဲ “ လင်မယားချင်း ဒီလျှော်ဖြူစိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အဆင်မပြေတဲ့ အချိန်တွေ များတယ်” အထက်ပါစကားက လျှော်ဖြူစိုက်ပျိုးရေးကို တစိုက်မတ်မတ် လုပ်ကိုင်လာတဲ့ မကွေးတိုင်းက တောင်သူတစ်ဦးဖြစ်တဲ့ ဦးရဲထွန်းရဲ့စကားသံဖြစ်ပါတယ်။ သူ့အနေနဲ့ လျှော်ဖြူ စိုက်ပျိုးရေးလုပ်ငန်းဟာ အနာဂတ်မှာ သေချာတဲ့ အာမခံချက်ရှိတဲ့ စီးပွားရေးတစ်ခုအဖြစ် ထင်မြင်ပြီးတဲ့နောက် စိန်ခေါ်မှုတွေကြားကနေ ဒီလုပ်ငန်းကို လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။ ဦးရဲထွန်းဟာ ပဲ၊ နှမ်း စတဲ့ သီးနှံတွေကို စိုက်ပျိုးလာတာ နှစ်အတော်ကြာခဲ့ပေမယ့် ၂၀၀၂ခုနစ်ကစပြီး လျှော်ဖြူပင်ကို စမ်းသပ်စိုက်ပျိုးဖို့Continue Reading

ရေပုတ်ကြီးကျေးရွာက ကလေးငယ်တွေကို လသားအရွယ်ကတည်းက ဆံရစ်ဝိုင်း ဆံပင်ရဖို့ ပြင်ဆင်ပေးကြပါတယ်။ ရေပုတ်ကြီးဆိုတဲ့ ဆံရစ်ဝိုင်းတို့ရွာ မကွေးတိုင်း ပွင့်ဖြူမြို့ ကနေ ဆယ်မိုင်ခန့် ထပ်သွားရတဲ့နေရာမှာ ရေပုတ်ကြီးဆိုတဲ့ ကျေးရွာလေး ရှိပါတယ်။ ရေပုတ်ကြီးရွာဟာ ဆံရစ်ဝိုင်းဆံပင်ပုံစံကို ရိုးရာဓလေ့အဖြစ် ထိန်းသိမ်းလာတာ နှစ်ပေါင်း၂၀၀ ကျော်ခန့် ရှိနေပြီး ရွာကလူတွေကလည်း ဒီလိုဆံရစ်ဝိုင်း ထားကြတာဟာ မြန်မာ့ရိုးရာဓလေ့နဲ့ ကိုက်ညီသလို မြန်မာဆန်ပြီး ယဉ်ကျေးတယ်လို့ ထင်နေကြပါတယ်။ သူတို့အနေနဲ့လည်း ဒီဆံပင်လေးနဲ့သာ လှတယ်ခံယူထားကြပါတယ်။ မိန်းကလေးတွေက အိမ်ထောင်ကျမှ ဆံပင်ပုံစံပြောင်းပြီး ယောကျာ်းလေးတွေက မိဘဘိုးဘွားတွေရဲ့ ရိုးရာအရ ရှင်ပြုမှသာ သျှောင်ထုံးကို ပယ်ရတယ်လို့  သူတို့က လက်ခံထားကြပါတယ်။ ဘိုးဘွားမိဘ အစဉ်အဆက်က လက်ဆင့်ကမ်းထိန်းသိမ်းလာတဲ့အတွက် ဒီရိုးရာဟာContinue Reading

အထမ်းသမားဘဝကနေ မိသားစုနဲ့ တစ်ကွဲတစ်ပြားနေခဲ့ရသလို ရေနံမှော်လုပ်ငန်းမှာပဲ ဘ၀မြုပ်နှံပြီး တွင်းပိုင်ဖြစ်လာတဲ့ လူတစ်ဦး မင်းလှမြို့နယ်မှာရှိပါတယ်။ သူ့နာမည်ကတော့ ကိုသန်းထွေးပါ။ သူဟာ ဆင်ဖြူကျွန်း၊ ကျွန်းညိုကျေးရွာကနေ ၂၀၁၆ ခုနှစ်ကတည်းက ရေနံခပ်အလုပ်သမားဘ၀နဲ့ ၀င်ရောက်လုပ်ကိုင်ခဲ့တာပါ။ ကိုသန်းထွေးဟာ ဒီအလုပ်မလုပ်ခင် မွေးရပ်ဇာတိမှာ ကုန်တင်ကုန်ချ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုခဲ့ပါတယ်။ ရွာမှာ အဆင်မပြေတဲ့အတွက် ထန်းကိုင်းမှာလာပြီး ပြောင်းရွှေ့ အလုပ်လုပ်ခဲ့တယ်လို့ ဇနီးဖြစ်သူက ပြောပြပါတယ်။ အလုပ်သမားဘ၀မှာ ရုန်းကန်ခဲ့ရ အလုပ်သမားဘဝနဲ့ ရေနံတွင်းပိုင် သူဋ္ဌေးတွေမှာ ၃ နှစ်နီးပါး လုပ်ကိုင်ခဲ့ပေမယ့် မိသားစုကို မထောက်ပံ့နိုင်ခဲ့ဘူးလို့ ကိုသန်းထွေး ကပြောပါတယ်။ အဲဒီကာလတွေက သူ့အတွက် အခက်ခဲဆုံးကာလတွေပါတဲ့။ ဒါပေမယ့် သူကတော့ တစ်နေ့ကျရင် ရေနံတွင်းပိုင်ရှင်Continue Reading

ရေနံချောင်းမြို့ နယ်ထဲက ရပ်ကွက်တစ်ခုမှာ တစ်ဦးတည်းသီးသန့် နေထိုင်တဲ့ ဒေါ်ပြုံး ၂၀၁၄ က ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့တဲ့ အချက်အလက်အရ မြန်မာနိုင်ငံဟာ အနာကြီးရောဂါဖြစ်ပွားမှု ၁၇ နိုင်ငံမှာ အဆင့် ( ၅ ) နေရာမှာရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၄ ခုနှစ်တုန်းက အနာကြီးရောဂါသည် သုံးထောင်ကျော်ရှိခဲ့သော်လည်း ၂၀၁၆ ခုနှစ်မှာတော့ နှစ်ထောင်ကျော်သာရှိပါတယ်။ ၁၂ နှစ်ကျော်ကာလ အတွင်းမှာ လူနာပေါင်း  တစ်ထောင်ကျော်လျော့ ချနိုင်ခဲ့ပါတယ်။ အနာကြီးရောဂါဟာ Mycobacterium leprae ဆိုတဲ့ ပိုးကြောင့်ဖြစ်တာပါ။ အဲဒီပိုးက ဖြစ်တာကြောင့် ကူးစက်နိုင်ပါတယ်။ သို့ပေမဲ့လည်း ကူးစက်နိုင်မှု အနည်းပါးဆုံး ရောဂါဖြစ်ပါတယ်။ ရောဂါဖြစ်ပွားနေသူကို ဆေးမကုဘဲ အချိန်ကာလContinue Reading

နို့နှစ်ရောင်ရှပ်အင်္ကျီလက်ရှည်နှင့် ကချင်ပုဆိုးဝတ်ထားပြီး နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးစပ်ကြား အသားညိုညို၊ အရပ်ခပ်ရှည်ရှည် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ယောက်သည် မော်တော်ဆိုင်ကယ်စီးကာ မကွေးတိုင်းဒေသကြီး၏ အဓိကနေရာတစ်ခုဖြစ်သော လွှတ်တော် ပရဝဏ်သို့ရောက်လာသည်။ ထို့နောက်ဆိုင်ကယ်ရပ်ကာ မှတ်ပုံတင်ဌာနတွင် သက်သေခံကတ် ပြလျက် အဝင်လက်မှတ် ထိုးဖို့လုပ်နေစဉ် ယင်းမှတ်ပုံတင်ဌာနမှ အမျိုးသမီးဝန်ထမ်းက “သတင်းယူဖို့လား” ဟု အမေးကို “ဟုတ်တယ်…သတင်းယူဖို့” ဟုဖြေလိုက်သံသည့် အနီးရှိလူများထံပျံ့လွင့်လို့လာသည်။ “အစည်းအဝေးက ခုနကပဲ ပြီးသွားပြီရှင့်” ဟုပြောလေရာ ခန့်မှန်းထားသည့် အချိန်ထက် အစည်းအဝေး စောပြီးသွားပြီဖြစ်ကြောင်း သူနားလည်လိုက်ပုံရသည်။ ဖုန်းမှနာရီကို ထုတ်ကြည့်ရာ ၁၁ နာရီ ၁၁ မိနစ်ရှိပြီ။ ထိုလူမှာ မကွေးဂျာနယ်၏ အယ်ဒီတာချုပ် ဦးဇော်မင်းကြည်ဖြစ်သည်။ သို့သော် ကြီးကြီးမားလွဲချော်မှုဟုContinue Reading

မြန်မာပြည်၏ မြေလတ်မြို့ကလေး ဖြစ်သည့် ရေနံချောင်းမြို့၊ တွင်းကြီးမင်းစုရပ်ကွက်အတွင်းက အ၀ါရောင် တိုက်အိမ်ကလေး တစ်လုံး၏ အခန်းကလေးတစ်ခန်းထဲကို ဝင်လိုက်သည်နှင့် ခန္ဓာကိုယ်ပိန်ပါးပါး ဆံပင်ကြိုးတို့ ကျဲတဲ ပေါက်နေသည့် အသက် ၈၇ နှစ်အရွယ် အဘိုးအိုတစ်ဦး ပက်လက် ကုလားထိုင် တစ်လုံးတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ့ဘေးက နံရံပေါ်တွင် ဓာတ်ပုံများ၊ ပန်းချီကားများကို ရှိနေပြီး စာရွက်စာတမ်းများ၊ မော်တာငယ်လေးများ၊ စပီကာ အသေးလေးများနှင့် အနီရောင်၊ အ၀ါရောင် ၀ါယာကြိုးစများ စသည့် လျှပ်စစ်ပစ္စည်းများက သူ့ပတ်ဝန်းကျင်တွင် ဝန်းရံလျှက်ရှိသည်။ အဘိုး နာမည်က ဦးသန်းစိန်။ အဘိုးဦးသန်းစိန်သည် တခြားသူတော့မဟုတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ စနစ်ကို တော်လှန်ခဲ့ကြသည့် ၈ လေးလုံးContinue Reading

အိမ်ခြံဝင်းအတွင်း ထမင်း၊ဟင်းအပါအဝင် စွန့်ပစ်ရေများကို လောင်းချထားသည့် ရွှံ့အိုင်အနီးမှာ ထန်းရည်ခံယူသည့် အမဲရောင် မြေအိုး(မြူအိုး)များသည် ဖရိုဖရဲနှင့် ကွဲသည့်အိုးက ကွဲနေ ၊မှောက်သည့်အိုးက မှောက်ကာ မြေအိုးတို့ ကို စားကြွင်းများဖြင့် ပေလူးနေသဖြင့် ခြင်၊ယင်များ ဝဲနေသည်ကို တွေ့မြင်ရသည်။ ယင်းမြင်ကွင်းသည် လွန်ခဲ့သည့် ဆယ်စုနှစ် ပတ်ဝန်းကျင်အထိ ထန်းတက်ပြီး အသက်မွေးကျောင်းခဲ့သည့် မကွေးတိုင်း၊နတ်ကန်ကျေးရွာက ထန်းပင်တက် သက်တမ်း ၂၀ ကျော် ရှိပြီဖြစ်သည့် ဦးမင်းအောင် ၏ အိမ်ခြံဝင်းမြင်ကွင်းဖြစ်သည်။ ယခင်ကဆိုလျှင် မကွေးတိုင်းအတွင်းမှာ ထန်းတက်သူများပြားပြီး ထန်းလုပ်ငန်းသည် အရေးပါ အရာ ရောက်ခဲ့သည့် ၀င်ငွေရရာရကြောင်းလုပ်ငန်းတစ်ခုလည်းဖြစ်ခဲ့သည်။ယင်းအချိန်က ဒေသတွင်း ထန်းလျက် ဈေးကွက်သည် ကြီးထွားသည်။ထန်းလျက်ပွဲရုံအများအပြားရှိပြီး ဒေသထွက် ထန်းလျက်များကို ပွဲရုံများကိုContinue Reading

နက်မှောင်နေတဲ့ ကတ္တရာ လမ်းမကြီးရဲ့ဘေးမှာ အစိမ်းရောင်နှမ်းခင်း များစွာဟာ လေတိုက်တိုင်း ဘယ်ညာ ယိမ်းနွဲ့နေကြပါတယ်။ နှမ်းခင်းတွေရဲ့ အနီးတဝိုက်မှာတော့ လေးပေ၊ တစ်ပေခွဲ သစ်သားနဲ့ လုပ်ထားတဲ့ ပုံးတွေကို တန်းစီပြီး ချထားကြတယ်။ အဲဒီ ပုံးလေးတွေက တော့ နယ်လှည့်ပျားမွေးသူတွေရဲ့ ပျားပုံးတွေပါ။ နယ်လှည့် ပျားမွေးတဲ့သူတွေက နေရာတစ်နေရာတည်းမှာ မွေးမြူကြတာမဟုတ်ဘဲ၊ ရာသီအလိုက် ပန်းပွင့်တွေ ပွင့်တဲ့အချိန်လိုက် ပြောင်းရွှေ့ပြီးတော့ ပျားတွေကို မွေးမြူ ကြတာ ဖြစ်ပါတယ်။ နယ်လှည့် ပျားမွေးသူတွေက  ပွင့်ဖြူမြို့နယ်၊ မကွေးမြို့နယ်၊ ဂွေးပင်၊ ရှမ်းပြည်တောင်ပိုင်း ရပ်စောက်၊ စေတုတ္ထရာ၊ သာယာဝတီမြို့တွေမှာ အဓိက မွေးမြူကြတယ်လို့ သိရပါတယ်။ မကွေးတိုင်း တစ်တိုင်းလုံးမှာ ပျားမွေးသူဦးရေ ၈၀Continue Reading