အထွက်နှုန်းကျဆင်းမှုဒဏ်ကို ရင်ဆိုင်နေရသည့် နှမ်းစိုက်တောင်သူများ

ထန်းလက်၊ ဝါးခြမ်းပြားများဖြင့် ပြုလုပ်ထားသည် ကုတင်ပေါ်တွင် အသက် ၄ဝ ဝန်းကျင်အရွယ်ရှိ လူတစ်ယောက် ခေါင်းငိုက်စိုက်ချရင်း ထိုင်နေသည်။ သူ့အမည်က ကိုမိုးဖြစ်သည်။ နေ့လယ် မွန်းတည့် ချိန်ဖြစ်သည်နှင့်အမျှ ကိုးမိုးမျက်နှာတွင် ချွေးစက်များက ကော်ဘူးကို အပ်နှင့်အပေါက်များ ဖောက်၍ ရေထည့်ထားသည့် ရေဘူးပမာ တစက်စက် ကိုယ်အောက်ပိုင်းသို့ ကျဆင်းနေသည်။ သူက နွားကျောင်းရာကနေ ပြန်လာပြီး သူ့အိမ်ရှေ့က ကုတင်ပေါ်တွင်…

Continue Reading

ဖန်းခါမြေ၏ ဖွံ့ဖြိုးရေးအတွက် သော့ချက်

နက်မှောင်နေတဲ့ ကတ္တရာ လမ်းရဲ့ဘယ်ညာ နှစ်ဖက်စလုံးမှာ ပဲ နှမ်းစိုက်ခင်းများဟာ ကြည့်ရသူရဲ့စိတ်နှလုံးကို ကြည်နူးသွားသလို ခံစားရစေပါတယ်။ တစ်ချို့နှမ်းခင်းများကတော့ ရိတ်သိမ်းပြီးလို့ မြေကိုတောင်ပြန်ပြီး ထွန်ရေးဖော်နေကြတာကိုလည်း တွေ့ရပါတယ်။  လမ်းကတော့ ကတ္တရာလမ်းဖြစ်လို့ လမ်းကောင်းတယ်ဆိုနိုင်ပေမယ့် တစ်ချို့နေရာတွေမှာတော့ ရေကျော်သုံးလေးခုလောက်ရှိလို့ ဆိုင်ကယ်ကို သတိထားမောင်းရပါတယ်။ရေကျော်ဆိုတာကတော့ ချောင်းတွေ မြောင်းကျယ်ကျယ်တွေကို ဖြတ်ပြီး လမ်းဖောက်ထားရပြီး မိုးရွာရင် တောင်ကျချောင်းရေကြောင့် ရေကြီးရေလျှံပြီး ကားလမ်းပေါ်ရေလျှံတာကို ပြောတာဖြစ်ပါတယ်။…

Continue Reading
Close Menu