အင်းလေးဇုန်သို့ သုံးနှစ်ဆက်တိုက် ပြည်ပခရီးသွား အဝင်နည်းလာသဖြင့် ခရီးသွားများကို အမှီပြုသည့် လုပ်ငန်းများထိခိုက်လာ
ဇော်ရဲသွေး/ သဇင်လတ် အင်းလေး လှေဆိပ်မှာ တွေ့ရတဲ့ နိုင်ငံခြား ခရီးသွားဧည့်သည် တချို့ ရှမ်းပြည်တောင်ပိုင်းရှိ အင်းလေးဇုန်သို့ သုံးနှစ်ဆက်တိုက် ပြည်ပခရီးသွားများ ဝင်ရောက်မှုနည်းလာသဖြင့် ခရီးသွားများအပေါ်အမှီပြုပြီး လုပ်ကိုင်နေသော လုပ်ငန်းများ ထိခိုက်လာကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှစ၍ ယခုနှစ်အထိ ပြည်ပခရီးသွားများ လာရောက်လည်ပတ်မှုသည် တစ်နှစ်ထက်တစ်နှစ် ထက်ဝက်နီးပါးလျော့ကျလာသဖြင့် ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ယက္ကန်းလုပ်ငန်း၊ စက်လှေလုပန်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများကို ထိခိုက်လာသည်။ ၂၀၁၇ သြဂုတ်လအထိ နှင့် ၂၀၁၈ သြဂုတ်လအထိ နှိုင်းယှဉ်ချက်အရ ပြည်ပခရီးသွား ၀ရောက်မှုသည် ၄၁ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့ကြောင်း အင်လေးဇုန်ဝင်ခွင့် ကောက်ခံသည့်ကော်မတီ၏စာရင်းများအရသိရသည်။ ၂၀၁၉ခုနှစ်တွင်လည်း ၂၀၁၈ ခုနှစ်ထက် ပြည်ပခရီးသွားများ ထပ်မံContinue Reading