USAID ၏ ထောက်ပံ့မှုဖြင့် ဖော်ဆောင်လျှက်ရှိသည့် အရပ်ဘက်အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း ၂၏ အစီအစဉ်တစ်ခုဖြစ်သည့် Coaching and Mentoring အစီအစဉ်ဖြင့် ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ တီးတိန်လူထုအခြေပြု ရေဒီယို Phualva FM မှ Volunteer များကို Myanmar Journalism Institute မှ သင်ကြားပေးလျက်ရှိသည်။

သင်တန်းတွင် အခြေခံသတင်းစာပညာနှင့် ရေဒီယို သတင်းရေးသားနည်းကို MJI မှ သင်တန်းဆရာ မအေးအေးဇင်နှင့် မလဲ့လဲ့သင်းတို့က သင်ကြားပေးပြီး Phualva FM မှ Volunteer ၅ဦးတက်ရောက်နေသည်။ ဇွန် ၃ ရက်မှ ၅ရက်အထိ ၃ရက်ကြာ အွန်လိုင်းမှ Zoom Meeting Application ကိုအသုံးပြု၍ သင်ကြားပေးလျက်ရှိသည်။