မိုးရာသီဆိုသော်လည်း စစ်ကိုင်းတိုင်း၏ နေ့အပူချိန်က ပြင်းလှသည်။ မုံရွာမြို့၏ အနောက်ဘက် ချင်းတွင်းမြစ်နှင့် အပြိုင်ဖောက်ထားသည့် ပခုက္ကူ – မုံရွာလမ်း တလျှောက် လေက တဖြူးဖြူး တိုက်နေ သည်။ လမ်းဘေးတလျှောက်ရွာတွေက ရွာသားတွေကတော့ တဖြူးဖြူးတိုက်နေသည့် လေနှင့် အပူချိန်ကို ဂရုမစိုက်အား။နောက်တကြိမ် ဘယ်အချိန်တက်လာမှာမှန်းမသိတဲ့ ချင်းတွင်း မြစ်ရေကြောင့် အိမ်လည်း ပြန်မရ။ ကြိုတင်ကာကွယ်တာ လည်းဖြစ်၊ ပြေးစရာမြေလည်း မရှိမယ့်အတူ ကားလမ်းမပေါ်တက် ကတ္တရာ လမ်းဘေး မြေသားပေါ် လှည်းတစီးနဲ့ တဲထိုးနေသည်မှာ ၀ါဆိုလပြည့် ဇူလိုင် ၈ ရက်ကစလို့ရေတွက်လျှင် ၁၉ ရက် ရှိလာပြီဖြစ်သည်။ ယခင်က ချင်းတွင်းမြစ်ရေလျှံလျှင် ရေများသည် ကမ်းနားရွာများသာမက လက်ပံတောင်းတောင် ခြေအထိContinue Reading

ဇူလိုင်လ ၁၉ ရက် မုံရွာမြို့ နံနက်ခင်း . . . . .။ ချင်းတွင်းမြစ် ကမ်းနားလမ်းတစ်လျှောက်တွင် မြစ်အထက်ပိုင်း ဒေသများသို့ သွားရောက်မည့် ခရီးသည်များ၊ ကုန်တင်ကုန်ချအလုပ်သမားများ၊ ဈေးသည်များဖြင့် စည်ကားနေသည်။ဇူလိုင်လ ရောက်ရောက်ချင်းမှာပင် ချင်းတွင်းမြစ်ရေသည် မြစ်ကမ်းလျှောက် မြို့များအလိုက် စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်လာမှုကြောင့် မုံရွာနှင့် ချင်းတွင်းအထက်ပိုင်းပြေးဆွဲနေသည့် ပုဂ္ဂလိကပိုင်အမြန်ရေယာဉ်များကို ဇူလိုင် ၅ ရက်မှ စတင်ကာ ပြေးဆွဲခွင့် ရပ်နားထားခဲ့ရာမှ လူနှင့်ကုန်များစုပြုံလာခြင်းကြောင့် စက်လှေများအားလုံးကို ဇူလိုင် ၁၉ရက် တွင် ပြန်လည်ထွက်ခွာခွင့် ပြုလိုက်သည်။ သို့ရာတွင်မြစ်ရေက စိုးရိမ်အမှတ်အထက်တွင် ရှိနေဆဲဖြစ်သည်။ အမြန်ရေယာဉ်များ ပြန်လည်စတင်ထွက်ခွာသည့်နေ့ ရောက် သည်နှင့် မုံရွာမှဖောင်းပြင်သို့ သွားရောက်ရန်Continue Reading

အနောက်မြောက်မြို့တော်လို့ မြို့အဝင်မုခ်ဦးချိတ်ထားတဲ့ မုံရွာ။ တည်းခိုတဲ့ဟိုတယ်ရဲ့ ခေါင်မိုးထပ်ကို တက်ပြီးအနောက်ဖက် ခပ်လှမ်းလှမ်းကို ငေးလိုက်တော့ မြင်တွေ့ရတာက စီးဆင်းနေတဲ့ ချင်းတွင်းမြစ်ကြီး။ မြစ်အရှေ့ဘက် ကမ်းနားလမ်းတလျှောက်မှာတော့ အရှေ့နဲ့အနောက်ကို ကူးတဲ့ စက်လှေတွေအပြင် ချင်းတွင်းမြစ် အထက်ပိုင်း ဟုမ္မလင်း၊ ခနီး္တစတဲ့မြို့တွေကို ပြေးဆွဲတဲ့ အမြန်ရေယာဉ်တွေရယ် ဟိုဒီဥးဒဟိုသွားလာနေတဲ့ လူတွေကို ခပ်ပြပြလေး လှမ်းမြင်နေရတယ်။ အနောက်ဘက်ကမ်းကို လှမ်းကြည့်လိုက်တဲ့အချိန်မှာတော့ ကိတ်ခြောက်အတုံး လေးတွေ ဆင့်ထပ်ထားသလို တောင်တစ်လုံးနဲ့ အစိမ်းရောင်ခရင်မ် တစ်ခြမ်းအုပ်ထားသလို တောင်တစ်လုံးကို ဆက်လျက် အနေအထားနဲ့ တွေ့ရပြန်ပါတယ်။ ဒါလက်ပံတောင်းတောင်ပါပဲ။ ကြေးနီစီမံကိန်းရှိနေတဲ့ ဒီနေရာက ဒေသခံတွေနဲ့ ကုမ္ပဏီအကြားက မြေယာ ပြဿနာတွေကို သတင်းမီဒီယာတွေမှာ နေ့စဉ်နဲ့အမျှ ဖော်ပြခဲ့ကြတာကို နှစ်နဲ့ချီပြီးတွေ့ခဲ့ကြရတယ်။ အခုတော့Continue Reading

ဇူလိုင်မိုးဖွဲ့များကြားတွင် ချင်းတွင်းမြစ်ကို မေးတင်ထားသည့် မုံရွာမြို့၊ ထန်းတောရပ်ကွက်အတွင်း ရစည်လှည်း တွန်းရောင်းသူများနှင့် အသက်ဝင်နေသည်။ ရေလိုင်လိုင်ပေါသည့် မိုးတွင်းကာလ ဇူလိုင်လထဲမှာပင် ချင်းတွင်းမြစ်ရေရောင်းအားက ထင်သလောက်ကျမသွားပေ။ ချင်းတွင်းမြစ်ရေနှင့်ဖျော်မှ လ္ဘက်ရည်ကောင်း တစ်ခွက်ရနိုင်မည်ဟု ယုံကြည်ထားသော မုံရွာမြို့ခံတို့၏ အစွဲအလန်းကြောင့် ရေရောင်းသူများ၏ အဓိကဈေးကွက်က လ္ဘဘက် ရည်ဆိုင်များလည်းပါနေသည်။ အသက် ၅ဝ ကျော်အရွယ် မုံရွာမြို့ခံအများစုကတော့ လ္ဘက်ရည်ကို ချင်းတွင်းမြစ်ရေဖြင့် ဖျော်မှသာ အရသာလေးလေးပင်ပင် ရှိသည်ဟု ဆိုသည်။ ဒေသခံများက ချင်းတွင်းမြစ်ရေ တစ်စည်လျှင် ကျပ် ၈ဝဝ ဖြင့် ဝယ်ယူသောက်သုံးကြသည်။ ရေနွေးကြမ်းသောက်လျှင် ချင်းတွင်းရေကလွဲပြီး အခြား မည်သည့်ရေမျိုးကိုမှ ခံတွင်း မတွေ့ကြောင်းလည်း သက်ကြီးရွယ်အိုအများစုက ဆိုသည်။ သို့သော် မုံရွာဒေသခံများအနေဖြင့်Continue Reading

သနပ်ခါးဟုဆိုလိုက်လျှင် ဈေးဆိုင်ပေါ်မှာ အသင့်ထုပ်လုပ်ထားတဲ့ သနပ်ခါးထုပ်တွေ၊ သနပ်ခါး ဗူးတွေရယ် အခေါက်ထူထူနဲ့ သွေးလိမ်းဖို့ လွယ်ကူအောင် တစ်ထွာလောက်ဖြတ်ထားတဲ့ သနပ်ခါးတုံး ပုတိုတိုတွေရယ် လောက်ပဲ မြင်ဖူးသူများပါတယ်။ ဒါပေမဲ့ အပွေးအက်ကွဲကြောင်းပင်စည်ပေါ်မှာ ချွန်ချွန်ထက်ထက် အဆူးတွေပေါက်နေပြီး၊ ရွက်ညှာတံတစ်ခုပေါ်မှာ အစိမ်းရင့်ရောင်ရွက်မြွှာ ၂ စုံ (သို့) ၃ ရှိတတ်တဲ့ ပေ(၂ဝ)၊ (၃ဝ)လောက်မြင့်တဲ့ သနပ်ခါးပင်လေးပင်တွေကိုတော့ သနပ်ခါးစိုက်တဲ့ ဒေသခံကလွဲရင် သိသူနည်းပါးလှပါတယ်။ မြန်မာနိုင်ငံမှာ အညာဒေသထွက် ရွှေဘိုသနပ်ခါး၊ ရှင်မတောင်သနပ်ခါးနဲ့ ရှမ်းပြည်နယ်ထွက် တောင်ကြီးမောက်မယ်သနပ်ခါးဆိုပြီး နာမည်ကြီးသနပ်ခါး (၃) မျိုးရှိပါတယ်။ အဲဒီအထဲက ရွှေဘိုသနပ်ခါးကိုတော့ ”ရွှေဘိုသနပ်ခါးလေးနဲ့ ရန်ကုန်ကိုလိမ်းဖို့ယူ . . . . ဘယ်လိုအသားမဲမဲ ဝါဝါညက်ညက်ဖြူ.Continue Reading

လျှော်ဖြူစိုက်ပျိုးဖို့အတွက် ဇနီးဖြစ်သူနဲ့ အတိုက်အခံလုပ်ပြီး တစိုက်မတ်မတ် စိုက်ပျိုးခဲ့တဲ့ တောင်သူတစ်ဦး ။ ၁၆ နှစ်ခန့် အကြာမှာ သူရွေးချယ်တဲ့ လျှော်ဖြူ စီးပွားရေးက ဘယ်လောက် အဆင်ပြေစေခဲ့သလဲ “ လင်မယားချင်း ဒီလျှော်ဖြူစိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အဆင်မပြေတဲ့ အချိန်တွေ များတယ်” အထက်ပါစကားက လျှော်ဖြူစိုက်ပျိုးရေးကို တစိုက်မတ်မတ် လုပ်ကိုင်လာတဲ့ မကွေးတိုင်းက တောင်သူတစ်ဦးဖြစ်တဲ့ ဦးရဲထွန်းရဲ့စကားသံဖြစ်ပါတယ်။ သူ့အနေနဲ့ လျှော်ဖြူ စိုက်ပျိုးရေးလုပ်ငန်းဟာ အနာဂတ်မှာ သေချာတဲ့ အာမခံချက်ရှိတဲ့ စီးပွားရေးတစ်ခုအဖြစ် ထင်မြင်ပြီးတဲ့နောက် စိန်ခေါ်မှုတွေကြားကနေ ဒီလုပ်ငန်းကို လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။ ဦးရဲထွန်းဟာ ပဲ၊ နှမ်း စတဲ့ သီးနှံတွေကို စိုက်ပျိုးလာတာ နှစ်အတော်ကြာခဲ့ပေမယ့် ၂၀၀၂ခုနစ်ကစပြီး လျှော်ဖြူပင်ကို စမ်းသပ်စိုက်ပျိုးဖို့Continue Reading

ရေပုတ်ကြီးကျေးရွာက ကလေးငယ်တွေကို လသားအရွယ်ကတည်းက ဆံရစ်ဝိုင်း ဆံပင်ရဖို့ ပြင်ဆင်ပေးကြပါတယ်။ ရေပုတ်ကြီးဆိုတဲ့ ဆံရစ်ဝိုင်းတို့ရွာ မကွေးတိုင်း ပွင့်ဖြူမြို့ ကနေ ဆယ်မိုင်ခန့် ထပ်သွားရတဲ့နေရာမှာ ရေပုတ်ကြီးဆိုတဲ့ ကျေးရွာလေး ရှိပါတယ်။ ရေပုတ်ကြီးရွာဟာ ဆံရစ်ဝိုင်းဆံပင်ပုံစံကို ရိုးရာဓလေ့အဖြစ် ထိန်းသိမ်းလာတာ နှစ်ပေါင်း၂၀၀ ကျော်ခန့် ရှိနေပြီး ရွာကလူတွေကလည်း ဒီလိုဆံရစ်ဝိုင်း ထားကြတာဟာ မြန်မာ့ရိုးရာဓလေ့နဲ့ ကိုက်ညီသလို မြန်မာဆန်ပြီး ယဉ်ကျေးတယ်လို့ ထင်နေကြပါတယ်။ သူတို့အနေနဲ့လည်း ဒီဆံပင်လေးနဲ့သာ လှတယ်ခံယူထားကြပါတယ်။ မိန်းကလေးတွေက အိမ်ထောင်ကျမှ ဆံပင်ပုံစံပြောင်းပြီး ယောကျာ်းလေးတွေက မိဘဘိုးဘွားတွေရဲ့ ရိုးရာအရ ရှင်ပြုမှသာ သျှောင်ထုံးကို ပယ်ရတယ်လို့  သူတို့က လက်ခံထားကြပါတယ်။ ဘိုးဘွားမိဘ အစဉ်အဆက်က လက်ဆင့်ကမ်းထိန်းသိမ်းလာတဲ့အတွက် ဒီရိုးရာဟာContinue Reading

အထမ်းသမားဘဝကနေ မိသားစုနဲ့ တစ်ကွဲတစ်ပြားနေခဲ့ရသလို ရေနံမှော်လုပ်ငန်းမှာပဲ ဘ၀မြုပ်နှံပြီး တွင်းပိုင်ဖြစ်လာတဲ့ လူတစ်ဦး မင်းလှမြို့နယ်မှာရှိပါတယ်။ သူ့နာမည်ကတော့ ကိုသန်းထွေးပါ။ သူဟာ ဆင်ဖြူကျွန်း၊ ကျွန်းညိုကျေးရွာကနေ ၂၀၁၆ ခုနှစ်ကတည်းက ရေနံခပ်အလုပ်သမားဘ၀နဲ့ ၀င်ရောက်လုပ်ကိုင်ခဲ့တာပါ။ ကိုသန်းထွေးဟာ ဒီအလုပ်မလုပ်ခင် မွေးရပ်ဇာတိမှာ ကုန်တင်ကုန်ချ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုခဲ့ပါတယ်။ ရွာမှာ အဆင်မပြေတဲ့အတွက် ထန်းကိုင်းမှာလာပြီး ပြောင်းရွှေ့ အလုပ်လုပ်ခဲ့တယ်လို့ ဇနီးဖြစ်သူက ပြောပြပါတယ်။ အလုပ်သမားဘ၀မှာ ရုန်းကန်ခဲ့ရ အလုပ်သမားဘဝနဲ့ ရေနံတွင်းပိုင် သူဋ္ဌေးတွေမှာ ၃ နှစ်နီးပါး လုပ်ကိုင်ခဲ့ပေမယ့် မိသားစုကို မထောက်ပံ့နိုင်ခဲ့ဘူးလို့ ကိုသန်းထွေး ကပြောပါတယ်။ အဲဒီကာလတွေက သူ့အတွက် အခက်ခဲဆုံးကာလတွေပါတဲ့။ ဒါပေမယ့် သူကတော့ တစ်နေ့ကျရင် ရေနံတွင်းပိုင်ရှင်Continue Reading

ရေနံချောင်းမြို့ နယ်ထဲက ရပ်ကွက်တစ်ခုမှာ တစ်ဦးတည်းသီးသန့် နေထိုင်တဲ့ ဒေါ်ပြုံး ၂၀၁၄ က ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့တဲ့ အချက်အလက်အရ မြန်မာနိုင်ငံဟာ အနာကြီးရောဂါဖြစ်ပွားမှု ၁၇ နိုင်ငံမှာ အဆင့် ( ၅ ) နေရာမှာရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၄ ခုနှစ်တုန်းက အနာကြီးရောဂါသည် သုံးထောင်ကျော်ရှိခဲ့သော်လည်း ၂၀၁၆ ခုနှစ်မှာတော့ နှစ်ထောင်ကျော်သာရှိပါတယ်။ ၁၂ နှစ်ကျော်ကာလ အတွင်းမှာ လူနာပေါင်း  တစ်ထောင်ကျော်လျော့ ချနိုင်ခဲ့ပါတယ်။ အနာကြီးရောဂါဟာ Mycobacterium leprae ဆိုတဲ့ ပိုးကြောင့်ဖြစ်တာပါ။ အဲဒီပိုးက ဖြစ်တာကြောင့် ကူးစက်နိုင်ပါတယ်။ သို့ပေမဲ့လည်း ကူးစက်နိုင်မှု အနည်းပါးဆုံး ရောဂါဖြစ်ပါတယ်။ ရောဂါဖြစ်ပွားနေသူကို ဆေးမကုဘဲ အချိန်ကာလContinue Reading

နို့နှစ်ရောင်ရှပ်အင်္ကျီလက်ရှည်နှင့် ကချင်ပုဆိုးဝတ်ထားပြီး နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးစပ်ကြား အသားညိုညို၊ အရပ်ခပ်ရှည်ရှည် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ယောက်သည် မော်တော်ဆိုင်ကယ်စီးကာ မကွေးတိုင်းဒေသကြီး၏ အဓိကနေရာတစ်ခုဖြစ်သော လွှတ်တော် ပရဝဏ်သို့ရောက်လာသည်။ ထို့နောက်ဆိုင်ကယ်ရပ်ကာ မှတ်ပုံတင်ဌာနတွင် သက်သေခံကတ် ပြလျက် အဝင်လက်မှတ် ထိုးဖို့လုပ်နေစဉ် ယင်းမှတ်ပုံတင်ဌာနမှ အမျိုးသမီးဝန်ထမ်းက “သတင်းယူဖို့လား” ဟု အမေးကို “ဟုတ်တယ်…သတင်းယူဖို့” ဟုဖြေလိုက်သံသည့် အနီးရှိလူများထံပျံ့လွင့်လို့လာသည်။ “အစည်းအဝေးက ခုနကပဲ ပြီးသွားပြီရှင့်” ဟုပြောလေရာ ခန့်မှန်းထားသည့် အချိန်ထက် အစည်းအဝေး စောပြီးသွားပြီဖြစ်ကြောင်း သူနားလည်လိုက်ပုံရသည်။ ဖုန်းမှနာရီကို ထုတ်ကြည့်ရာ ၁၁ နာရီ ၁၁ မိနစ်ရှိပြီ။ ထိုလူမှာ မကွေးဂျာနယ်၏ အယ်ဒီတာချုပ် ဦးဇော်မင်းကြည်ဖြစ်သည်။ သို့သော် ကြီးကြီးမားလွဲချော်မှုဟုContinue Reading