မြန်မာပြည်၏ မြေလတ်မြို့ကလေး ဖြစ်သည့် ရေနံချောင်းမြို့၊ တွင်းကြီးမင်းစုရပ်ကွက်အတွင်းက အ၀ါရောင် တိုက်အိမ်ကလေး တစ်လုံး၏ အခန်းကလေးတစ်ခန်းထဲကို ဝင်လိုက်သည်နှင့် ခန္ဓာကိုယ်ပိန်ပါးပါး ဆံပင်ကြိုးတို့ ကျဲတဲ ပေါက်နေသည့် အသက် ၈၇ နှစ်အရွယ် အဘိုးအိုတစ်ဦး ပက်လက် ကုလားထိုင် တစ်လုံးတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ့ဘေးက နံရံပေါ်တွင် ဓာတ်ပုံများ၊ ပန်းချီကားများကို ရှိနေပြီး စာရွက်စာတမ်းများ၊ မော်တာငယ်လေးများ၊ စပီကာ အသေးလေးများနှင့် အနီရောင်၊ အ၀ါရောင် ၀ါယာကြိုးစများ စသည့် လျှပ်စစ်ပစ္စည်းများက သူ့ပတ်ဝန်းကျင်တွင် ဝန်းရံလျှက်ရှိသည်။ အဘိုး နာမည်က ဦးသန်းစိန်။ အဘိုးဦးသန်းစိန်သည် တခြားသူတော့မဟုတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ စနစ်ကို တော်လှန်ခဲ့ကြသည့် ၈ လေးလုံးContinue Reading

အိမ်ခြံဝင်းအတွင်း ထမင်း၊ဟင်းအပါအဝင် စွန့်ပစ်ရေများကို လောင်းချထားသည့် ရွှံ့အိုင်အနီးမှာ ထန်းရည်ခံယူသည့် အမဲရောင် မြေအိုး(မြူအိုး)များသည် ဖရိုဖရဲနှင့် ကွဲသည့်အိုးက ကွဲနေ ၊မှောက်သည့်အိုးက မှောက်ကာ မြေအိုးတို့ ကို စားကြွင်းများဖြင့် ပေလူးနေသဖြင့် ခြင်၊ယင်များ ဝဲနေသည်ကို တွေ့မြင်ရသည်။ ယင်းမြင်ကွင်းသည် လွန်ခဲ့သည့် ဆယ်စုနှစ် ပတ်ဝန်းကျင်အထိ ထန်းတက်ပြီး အသက်မွေးကျောင်းခဲ့သည့် မကွေးတိုင်း၊နတ်ကန်ကျေးရွာက ထန်းပင်တက် သက်တမ်း ၂၀ ကျော် ရှိပြီဖြစ်သည့် ဦးမင်းအောင် ၏ အိမ်ခြံဝင်းမြင်ကွင်းဖြစ်သည်။ ယခင်ကဆိုလျှင် မကွေးတိုင်းအတွင်းမှာ ထန်းတက်သူများပြားပြီး ထန်းလုပ်ငန်းသည် အရေးပါ အရာ ရောက်ခဲ့သည့် ၀င်ငွေရရာရကြောင်းလုပ်ငန်းတစ်ခုလည်းဖြစ်ခဲ့သည်။ယင်းအချိန်က ဒေသတွင်း ထန်းလျက် ဈေးကွက်သည် ကြီးထွားသည်။ထန်းလျက်ပွဲရုံအများအပြားရှိပြီး ဒေသထွက် ထန်းလျက်များကို ပွဲရုံများကိုContinue Reading

နက်မှောင်နေတဲ့ ကတ္တရာ လမ်းမကြီးရဲ့ဘေးမှာ အစိမ်းရောင်နှမ်းခင်း များစွာဟာ လေတိုက်တိုင်း ဘယ်ညာ ယိမ်းနွဲ့နေကြပါတယ်။ နှမ်းခင်းတွေရဲ့ အနီးတဝိုက်မှာတော့ လေးပေ၊ တစ်ပေခွဲ သစ်သားနဲ့ လုပ်ထားတဲ့ ပုံးတွေကို တန်းစီပြီး ချထားကြတယ်။ အဲဒီ ပုံးလေးတွေက တော့ နယ်လှည့်ပျားမွေးသူတွေရဲ့ ပျားပုံးတွေပါ။ နယ်လှည့် ပျားမွေးတဲ့သူတွေက နေရာတစ်နေရာတည်းမှာ မွေးမြူကြတာမဟုတ်ဘဲ၊ ရာသီအလိုက် ပန်းပွင့်တွေ ပွင့်တဲ့အချိန်လိုက် ပြောင်းရွှေ့ပြီးတော့ ပျားတွေကို မွေးမြူ ကြတာ ဖြစ်ပါတယ်။ နယ်လှည့် ပျားမွေးသူတွေက  ပွင့်ဖြူမြို့နယ်၊ မကွေးမြို့နယ်၊ ဂွေးပင်၊ ရှမ်းပြည်တောင်ပိုင်း ရပ်စောက်၊ စေတုတ္ထရာ၊ သာယာဝတီမြို့တွေမှာ အဓိက မွေးမြူကြတယ်လို့ သိရပါတယ်။ မကွေးတိုင်း တစ်တိုင်းလုံးမှာ ပျားမွေးသူဦးရေ ၈၀Continue Reading

ထန်းလက်၊ ဝါးခြမ်းပြားများဖြင့် ပြုလုပ်ထားသည် ကုတင်ပေါ်တွင် အသက် ၄ဝ ဝန်းကျင်အရွယ်ရှိ လူတစ်ယောက် ခေါင်းငိုက်စိုက်ချရင်း ထိုင်နေသည်။ သူ့အမည်က ကိုမိုးဖြစ်သည်။ နေ့လယ် မွန်းတည့် ချိန်ဖြစ်သည်နှင့်အမျှ ကိုးမိုးမျက်နှာတွင် ချွေးစက်များက ကော်ဘူးကို အပ်နှင့်အပေါက်များ ဖောက်၍ ရေထည့်ထားသည့် ရေဘူးပမာ တစက်စက် ကိုယ်အောက်ပိုင်းသို့ ကျဆင်းနေသည်။ သူက နွားကျောင်းရာကနေ ပြန်လာပြီး သူ့အိမ်ရှေ့က ကုတင်ပေါ်တွင် ခေတ္တ နားနေခြင်း ဖြစ်သည်ဟု သိလိုက်ရပါသည်။ သူ့အိမ်ကတော့ ထန်းရွက်မိုး၊ သစ်တိုင်ထောင်၊ ဘေးပတ်လည် အကာအရံများ မတွေ့ခဲ့ပါ။ ကိုမိုးအိမ်က နတ်ကန်ရွာ အဝင်လမ်း အသွား ညာဘက် ကပ်လျက်တွင် ရှိနေပါသည်။ လမ်း၏ ဘယ်ဘက်တွင် သစ်ပင်ကြီးတစ်ပင်Continue Reading

နက်မှောင်နေတဲ့ ကတ္တရာ လမ်းရဲ့ဘယ်ညာ နှစ်ဖက်စလုံးမှာ ပဲ နှမ်းစိုက်ခင်းများဟာ ကြည့်ရသူရဲ့စိတ်နှလုံးကို ကြည်နူးသွားသလို ခံစားရစေပါတယ်။ တစ်ချို့နှမ်းခင်းများကတော့ ရိတ်သိမ်းပြီးလို့ မြေကိုတောင်ပြန်ပြီး ထွန်ရေးဖော်နေကြတာကိုလည်း တွေ့ရပါတယ်။  လမ်းကတော့ ကတ္တရာလမ်းဖြစ်လို့ လမ်းကောင်းတယ်ဆိုနိုင်ပေမယ့် တစ်ချို့နေရာတွေမှာတော့ ရေကျော်သုံးလေးခုလောက်ရှိလို့ ဆိုင်ကယ်ကို သတိထားမောင်းရပါတယ်။ရေကျော်ဆိုတာကတော့ ချောင်းတွေ မြောင်းကျယ်ကျယ်တွေကို ဖြတ်ပြီး လမ်းဖောက်ထားရပြီး မိုးရွာရင် တောင်ကျချောင်းရေကြောင့် ရေကြီးရေလျှံပြီး ကားလမ်းပေါ်ရေလျှံတာကို ပြောတာဖြစ်ပါတယ်။ မကွေးမြို့ကနေ ဆိုင်ကယ်နဲ့လေးဆယ့်ငါးမိနစ်လောက် မနားတမ်းမောင်းလာပြီးတဲ့နောက်တော့ ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှု့နယ်မြေ လို့ရေးထားတဲ့ မုဒ်ဦးကြီးနဲ့ စကျင်ကျောက်တုံးကြီးပေါ်မှာ ကမ္ဘာ့အမွေအနှစ် ဗိဿနိုး ပျူမြို့ဟောင်းလို့ရေးထားတာကို ခမ်းနားစွာ တွေ့မြင်ရပါတယ်။မုဒ်ဦးကြီးကနေ မလှမ်းမကမ်းမှာတော့ ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်လည်းဖွင့်လှစ်ပြသထားတာကို တွေ့ရပါတယ်။ မကွေးမြို့မှကားသမားတစ်ဦးဖြစ်တဲ့ ကိုကျော်နိုင်က ”ဒီမြို့ဟောင်းကိုက ဒီလိုပိတ်ရက်မျိုးမှာတောင် နယ်ကလာတဲ့သူတွေကိုပဲ လိုက်ပို့ရတာများတယ်။လိုက်ပို့ပြီးရင်ကြလည်းContinue Reading